Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ စ၍ အမှတ်(၄)ရပ်ကွက်ရှိ မြေနုလမ်း၊ ကုန်သည်လမ်း၊ စျေးချောင်းလမ်း၊ ကမ်းနားလမ်း၊ ရွှေစေတီလမ်း၊ မြို့မစျေး၊ မင်းကြီးလမ်း၊ ပြည်တော်သာလမ်း၊ ဥမ္မာဒန္ဓီလမ်း၊ ဘိုဘဌေးလမ်း၊ ဗလီလမ်းတို့၌လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ထောင်ကုန်းလမ်း၊ အဝေရာဆေးတိုက်လမ်း၊ စျေးရပ်တန်းလမ်း၊ မရမ်းချိုလမ်း၊ ပပဝတီလမ်း၊ ဘူတာလမ်းနှင့် မဟာဗန္ဓုလလမ်းတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်အချက်များ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (ဧရာဝတီတိုင်းဒေသကြီး)မှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ … Read more

  • မြန်မာနိုင်ငံရှိအမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း ကောက်ယူရေးဆိုင်ရာ Virtual Consultation Workshop ကျင်းပဆောင်ရွက်

    ဇူလိုင် ၁၃၊ နေပြည်တော် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှု စစ်တမ်းကောက်ယူရေးဆိုင်ရာ Virtual Consultation Workshop ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online ညှိနှိုင်းဆွေးနွေးပွဲအဖြစ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ Online Consultation Workshop တွင် အမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများ လေ့လာမှုစစ်တမ်းနည်းပညာကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ညှိနှိုင်းဆွေးနွေးပွဲအား အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းကောက်ယူရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် … Read more

  • ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက် (၁၄:၀၀) နာရီမှ (၁၅:၃၀) နာရီထိ ကသာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာနှင့် ကူးကာကျေးရွာတို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူး‌ပေါင်း၍ ရေဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar_fld #sgg_jul2020     Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19‌ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ မြို့သစ်ရပ်ကွက်၊ ဝဲကျွန်းဝန်ထမ်းအိမ်ရာနှင့် ဆန်းချီ ဝန်ထမ်းအိမ်ရာတို့တွင် လော်စပီကာတို့ဖြင့် Covid-19‌ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်‌ /ရှောင်ရန် အချက်များအား   ပြည်သူသို့ အသိပညာပေးပန်ကြားချက် များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 … Read more

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ် နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရပ်ကွက် (၄)နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း ၊ IDPs စခန်း (၁၀) ခုမှ အိမ်ထောင်စု (၂၆၅) စု၊ လူဦးရေ (၁၃၁၇) ဦးအတွက် ဆပ်​ပြာ (၁၃၁၇) ခဲ နှင့်ထုံး (၁၀၀) … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့ နယ်၊ ​တောကြီးကျေးရွာအုပ်စု၊ ​တောကြီး​ကျေးရွာ၊ ကူတို​ပေါက်​ကျေးရွာနှင့် အ​ရှေ့ရှား​တော​ကျေးရွာအုပ်စု၊ မှရိုးကုန်း​ကျေးရွာတို့တွင်  (၈-၇-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်​ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြို​ဘေးသင့်အိမ်​ခြေ (၁၁) လုံး၊ အိမ်​ထောင်စု (၁၁) စုတို့ အတွက် အိမ်​ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊ လူဦး​ရေ (၄၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၁၀၀,၈၀၀/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၁,၂၀၀,၈၀၀/-)ကျပ်အား (၁၃-၇-၂၀၂၀) ရက်​နေ့၊ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​ကွေ့​ထောင့်ကျေးရွာအုပ်စု၊ ​​ကွေ့​ထောင့်ကျေးရွာနှင့် မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေး ရွာတို့တွင်(၁၃-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်၌ ဧရာဝတီမြစ်​ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၉) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၉) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၁၀၂,၉၀ဝ/-)ကျပ် ၊ စုစုပေါင်းတန်ဖိုးငွေ (၁,၀၀၂,၉၀ဝ/-)ကျပ်အား (၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးရုံး၌ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ရိုက်အုပ်စု၊ (ရိုက်၊ ဖက် ဝန်းကုန်း၊ သရက်တော၊ ဝါးတောချောင်း)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တ လော ဖြစ်ပွားလျှက်ရှိသော  COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့်  မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ ၊ သဘာ၀ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေး လှည့်လည်နိုးဆော် ခြင်းနှင့် … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် အိမ်ခြေ (၂၃၀) လုံး၊ အိမ်ထောင်စု (၂၃၀) စု၊ လူဦးရေ (၁၀၅၆) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_drg #mgy_jul2020 Source: ​ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ လမ်းကူးကျေးရွာတွင် (၁၂-၇-၂၀၂၀)ရက်နေ့နှင့် (၁၃-၇-၂၀၂၀) ရက်နေ့များတွင် ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွေ့အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၁,၀၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၆၀,၉၀၀/-)ကျပ်တို့ကို  (၁၃-၇-၂၀၂၀)ရက်နေ့၊(၁၃:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_rbe #mgy_jul2020 Source: … Read more

Sign Up

Upcoming Events