ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့ နယ်၊ ​တောကြီးကျေးရွာအုပ်စု၊ ​တောကြီး​ကျေးရွာ၊ ကူတို​ပေါက်​ကျေးရွာနှင့် အ​ရှေ့ရှား​တော​ကျေးရွာအုပ်စု၊ မှရိုးကုန်း​ကျေးရွာတို့တွင်  (၈-၇-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်​ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြို​ဘေးသင့်အိမ်​ခြေ (၁၁) လုံး၊ အိမ်​ထောင်စု (၁၁) စုတို့ အတွက် အိမ်​ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊ လူဦး​ရေ (၄၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၁၀၀,၈၀၀/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၁,၂၀၀,၈၀၀/-)ကျပ်အား (၁၃-၇-၂၀၂၀) ရက်​နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ​​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_jul2020

Source: ​ စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events