Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ် ရေးအသိပညာပေးခြင်း၊ (Campaign) ဆောင်ရွက်ခြင်းဖြင့် Mask များ ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေး နည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင် (၁၂-၇-၂၀၂၀) ရက်နေ့၊ ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ (၃၂) လုံး၊ ၄င်းအိမ်ထောင်စု (၃၂) စုရှိ လူဦးရေ (၁၃၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၇၅,၁၀၀) ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃,၄၇၅,၁၀၀) ကျပ်ကို ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိရှိသူများသည် (၁၁-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်ခန့်တွင် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု ဗောဓိကုန်း ကျေးရွာနေ ဦးကျော်မြ (ဘ)ဦးထွီးရှင်မောင်၊ အသက် (၅၇) နှစ် (ရခိုင်/ဗုဒ္ဓ)သည် လယ်ထွန်ရန် သွားရောက်စဉ် (၁၅:၀၀)နာရီအချိန်ခန့်တွင် ဗောဓိကုန်းကျေးရွာ ၏အရှေ့ဘက် (၄) ဖာလုံခန့် အကွာတွင် တောဆင်ရိုင်းတစ်ကောင်၏ နင်းသတ်မှုခံရ၍ သေဆုံးခဲ့ရပါသဖြင့် သေဆုံးသူ၏ ဇနီးသည်ထံ (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) နာရီအချိန်ခန့်တွင် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဝဲလစ်ကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ချောင်းဝိုင်းကျေးရွာနှင့် သောက်ပိန်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးတို့ နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loudspeaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြိီး ဘေး(၈) မျိုးပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jul2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jul2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ဝိုင်းမော်နှင့် ရွှေကူမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
ဇူလိုင် ၁၄၊ နေပြည်တော် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ (၁၂-၇-၂၀၂၀)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကယ်ဆယ် ရေးစခန်း(၉)ခုနှင့် ဝိုင်းမော်မြို့၊ ကယ်ဆယ်ရေးစခန်း(၁)ခုသို့ စုစုပေါင်း အိမ်ထောင်စု (၁၄၂) စု၊ လူဦးရေ (၆၀၁)ဦးတို့ ခေတ္တပြောင်းရွှေ့ခိုလှုံလျက်ရှိပြီး (၁၃-၇-၂၀၂၀)ရက်နေ့တွင်လည်း ရွှေကူမြို့ နယ်မှ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၇၀)ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု သို့ လည်းကောင်း၊ ဆင်ဘိုမြို့မှ အိမ်ထောင်စု … Read more
-
သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့ နယ်၊ တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာနေ အိမ်ထောင်စု (၂၁၀) စုမှ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေ (၁,၆၀၀) ဂါလံကို (၁၁-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mdy_jul2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်မြန်ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၄-၇-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာ၊ ဟိုဖကျေးရွာနှင့် လမ်းဆုံကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ UNDP ၊ UNICEF ၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟောင်လိတ်ရပ်ကွက်၊ အခြေခံပညာကျောင်းရှိ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသော ဆရာ/ဆရာမ၊ မိဘ၊ ကျောင်းသား/ကျောင်းသူများကို COVID-19 ကူးစက်ရောဂါ နှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း(Campaign) များဆောင်ရွက်ခြင်း၊ Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက်(၅)၊ ကက်သလစ်ဘုရား ကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်း၊ IDPs စခန်း(၆)ခုမှ အိမ်ထောင်စု(၃၈၉)စု၊ လူဦးရေ(၂၀၅၅)ဦးအတွက် ဆပ်ပြာ(၂၀၄၉)ခဲနှင့် ထုံး(၆၀) အိတ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_jul2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
