COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဝဲလစ်ကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ချောင်းဝိုင်းကျေးရွာနှင့် သောက်ပိန်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးတို့ နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loudspeaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြိီး ဘေး(၈) မျိုးပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_jul2020

Source:           ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events