Author Archives: Department of Disaster Management
-
ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆,၈၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၆၈၀ဝ/-) ကျပ်အား (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source: … Read more
-
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်
ဇူလိုင် ၃၀ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေသည့်အချိန်တွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အခြေ အနေတွင်ရှိသော လမ်းပေါ်နေကလေးသူငယ်များအတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းစီမံချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆက်စပ်အစိုးရ ဌာနအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ), World Vision, TDHL, Plan International ၊ Kinnected Myanmar တို့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းပေါ်နေကလေး အိမ်ထောင်စု (၂၂၆)စုအတွက် အခြေခံ စားသောက်ကုန်များ ဝယ်ယူရန်နှင့် … Read more
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့မှ (၂၇-၇-၂၀၂၀)ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ထီးချိုင့်မြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ မောင်းကုန်းကျေးရွာ၊ အုတ်ဆုံကျေးရွာ၊ ဖုန်ကုန်းကြီးကျေးရွာ၊ ဘူကြီးကုန်းကျေးရွာ၊ မြတောင်ကျေးရွာတို့၌ ကယ်ဆယ်ရေးစခန်းများသို့ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၇၂)စုမှ လူဦးရေ (၃၀၈)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၄၆,၈၀၀/-)ကျပ်ကို (၂၇-၇-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ ထီးချိုင့်မြို့နယ်၊ ကိုးတဲကျေးရွာ၊ အောင်သာယာကျေးရွာ၊ ကမ်းနီကျေးရွာတို့၌ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ အိမ်ထောင်စု(၆၉)စုမှ လူဦးရေ(၃၀၆)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၄၂,၆၀ဝ/-) ကျပ်ကို (၂၈-၇-၂၀၂၀) ရက်နေ့တွင်လည်းကောင်း ဘေးသင့်ပြည်သူများထံသို့ … Read more
-
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း COVID -19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၉-၇-၂၀၂၀) ရက်နေ့ ၊ (၀၇:၃၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၁၆၊၁၉)ရပ်ကွက်၊ ကွမ်းစိုက်ကျေးရွာ၊ မကျီး သမြားကျေးရွာ၊ ချေဆေးကျေးရွာ၊ ကူရွာကျေးရွာ၊ တောရိုးကျေးရွာ၊ ဂွေးတောက်ပင်ကျေးရွာ၊ ဆားခါးကျေးရွာ၊ ဂွေးပင်ရိုးကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ တောင်ရှေ့ကျေးရွာများသို့ လှည့် လည်၍ COVID -19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများနှင့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာနှင့် သထုံစုကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာ အုပ်စု၊ ဘူးခုံကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၄၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁)အိမ်ထောင်စာအား (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ထွေအုပ်ရုံး၌ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ် … Read more
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွတ်ကျေးရွာနှင့် ရုံးပင်ကျေးရွာတို့၌ (၃၀-၇-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၉,၃၀၀/-)ကျပ်ကို (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_jul2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကာလအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့နှင့်ပူးပေါင်း၍ Covid-19 ကာလအတွင်းမြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကိုဟင်္သာတမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ (၃၀-၇-၂၀၂၀) ရက်နေ့တွင် (၉:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီချိန်ထိ (CDA) ၏ ဟင်္သာတမြို့စီမံကိန်းနယ်မြေအတွင်းရှိ ရေဘေး စခန်းဖွင့်လှစ်ခဲ့သော (သို့) ဖွင့်လှစ်ရန်လျာထားသည့်ဘုန်းတော်ကြီးကျောင်းများမှ ကျေးရွာကိုယ်စားလှယ်များအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်အသိပေး ပြင်ဆင်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မြစ်ရေကြီးမှုအားကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူအား ရေဘေးအသိပညာပေး လုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် (၁၉:၀၀) အချိန်မှ (၂၂:၀၀) အချိန်ထိပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ပေါ်ရှိ (၁/ ၂/၁၀) ရက်ကွက်များသို့ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fld #mgy_jul2020
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦး မြို့တွင် (၁)ပေခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက်(၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့ တွင် (၁)ပေခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် … Read more
