လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့မှ (၂၇-၇-၂၀၂၀)ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ထီးချိုင့်မြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ မောင်းကုန်းကျေးရွာ၊ အုတ်ဆုံကျေးရွာ၊ ဖုန်ကုန်းကြီးကျေးရွာ၊ ဘူကြီးကုန်းကျေးရွာ၊ မြတောင်ကျေးရွာတို့၌ ကယ်ဆယ်ရေးစခန်းများသို့ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၇၂)စုမှ လူဦးရေ (၃၀၈)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၄၆,၈၀၀/-)ကျပ်ကို (၂၇-၇-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ ထီးချိုင့်မြို့နယ်၊ ကိုးတဲကျေးရွာ၊ အောင်သာယာကျေးရွာ၊ ကမ်းနီကျေးရွာတို့၌ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ အိမ်ထောင်စု(၆၉)စုမှ လူဦးရေ(၃၀၆)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၄၂,၆၀ဝ/-) ကျပ်ကို (၂၈-၇-၂၀၂၀) ရက်နေ့တွင်လည်းကောင်း ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_jul2020
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)