လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၉-၇-၂၀၂၀) ရက်နေ့ ၊ (၀၇:၃၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၁၆၊၁၉)ရပ်ကွက်၊ ကွမ်းစိုက်ကျေးရွာ၊ မကျီး သမြားကျေးရွာ၊ ချေဆေးကျေးရွာ၊ ကူရွာကျေးရွာ၊ တောရိုးကျေးရွာ၊ ဂွေးတောက်ပင်ကျေးရွာ၊ ဆားခါးကျေးရွာ၊ ဂွေးပင်ရိုးကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ တောင်ရှေ့ကျေးရွာများသို့ လှည့် လည်၍ COVID -19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများနှင့် လက်ကမ်းစာစောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ar
#mdy_jul2020
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)