လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွတ်ကျေးရွာနှင့် ရုံးပင်ကျေးရွာတို့၌ (၃၀-၇-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၉,၃၀၀/-)ကျပ်ကို (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_jul2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)