ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်

ဇူလိုင် ၃၀ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေသည့်အချိန်တွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အခြေ အနေတွင်ရှိသော လမ်းပေါ်နေကလေးသူငယ်များအတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းစီမံချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆက်စပ်အစိုးရ ဌာနအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ), World Vision, TDHL, Plan International ၊ Kinnected Myanmar တို့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းပေါ်နေကလေး အိမ်ထောင်စု (၂၂၆)စုအတွက် အခြေခံ စားသောက်ကုန်များ ဝယ်ယူရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့ပေးခဲ့ပါသည်။
ယခုအခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို ကာကွယ်ရန်နှင့် ကပ်ရောဂါ ကာလအတွင်း လမ်းပေါ်နေကလေးများနှင့်၎င်းတို့၏ မိသားစုများကို အခြေခံစား သောက်ကုန်နှင့် တစ်ကိုယ်ရည်သုံးကျန်းမာရေးပစ္စည်းများကို ထောက်ပံ့နိုင်ရေးအတွက် မန္တလေးတိုင်း ဒေသကြီးတွင် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်မြို့နယ်များရှိ လမ်းပေါ်နေကလေးများ၏ အိမ်ထောင်စု (၂၀၀)စု၏ အခြေခံသတင်း အချက်အလက် ကောက်ယူရန်သင်တန်းကို (၂၂-၇-၂၀၂၀)ရက်နေ့တွင် ပို့ချခဲ့ပြီး (၂၅-၇-၂၀၂၀) ရက်နေ့အထိမြို့နယ်(၆)မြို့နယ်ရှိ လမ်းပေါ်နေကလေးတို့၏ အခြေခံသတင်းအချက်အလက်များ ကောက် ယူခဲ့ပါသည်။ ထို့နောက် (၂၇-၇-၂၀၂၀ မှ ၂၉-၇-၂၀၂၀) ရက်နေ့အထိ လမ်းပေါ်နေကလေး အိမ်ထောင်စု(၂၀၀)စုအတွက် (၅၀,၀၀၀)ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်နှင့် တစ်ကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပါသည်။ လမ်းပေါ်နေကလေးများအား ကိုဗစ်-၁၉ ကာလ အတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းအားဖြင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ၎င်းတို့အပေါ် အလွဲသုံးစားပြုခြင်းအား ကာကွယ်တားဆီးနိုင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိခဲ့ပါကြောင်း၊ ၎င်းစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနအနေဖြင့် (၆-၆-၂၀၂၀) ရက်နေ့မှ (၉-၇-၂၀၂၀) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တို့တွင် လမ်းပေါ်နေကလေးများအား ထောက်ပံ့ခြင်းကို ဆောင်ရွက်နိုင် ခဲ့ပါကြောင်း သတင်းရရှိသည်။
#npw_jul2020
 
 
Source: MOSWRR

Sign Up

Upcoming Events