Author Archives: Department of Disaster Management
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ (၃၀ -၇ -၂၀၂၀) ရက်နေ့နှင့် (၂- ၈ -၂၀၂၀) ရက်နေ့တို့တွင် ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့် ကံမမြို့နယ်၊ မြဝတီကျေးရွာအုပ်စု၊ မြဝတီကျေးရွာ၊ အမှတ်(၁/၂/၃/၄) ရပ်ကွက်၊ မင်းပြင်ကျေးရွာ အုပ်စု၊ ပုထိုးကျေးရွာ၊ မွေသော်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာနှင့် ဂျွန်းတောင်ကျေးရွာ အုပ်စု၊ ဂျွန်းတောင်ကျေးရွာတို့တွင် နေထိုင်သည့် ရေဘေးသင့်လူနေအိမ် (၁၁၄) လုံး၊ အိမ်ထောင် စု (၁၁၁) စု၊ … Read more
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည်(၂-၈-၂၀၂၀)ရက်နေ့ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထား သည့် အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန် ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များစသည့် သဘာဝဘေးအသိပညာ ပေးခြင်းများကို အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ထားဝယ်မြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားနေသည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့နယ်အတွင်း မိုးသည်ထန်းစွာရွာသွန်းမှုကြောင့် ထားဝယ်-ပကာရီလမ်းပိုင်း၊ ထားဝယ်-ရှမ္မတွင်းလမ်းပိုင်းနှင့် ထားဝယ်မြို့ဆေးရုံလမ်းတို့တွင် လမ်းရေကျော်မှုနှင့် အိမ်များအတွင်းသို့ ရေဝင်ရောက်နေမှုအခြေအနေများအား (၂-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr_fld #tny_aug2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား တွေ့ဆုံရှင်းလင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၊ ဖောင်းဆိပ်ကျောင်းတိုက်၌ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန (ဆည်မြောင်း)နှင့် မြစ်ချောင်းဖြိုးမှ တာဝန်ရှိသူများနှင့်အတူ အိပ်ပျက်ကျေးရွာအုပ်စု၌ ကမ်းပြိုကမ်းစားဖြစ်ပွားနေမှုနှင့်စပ်လျဥ်း၍ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဥ်များနှင့် ပြောင်းရွေ့အိမ်ထောင်စုများအား ထောက်ပံမှုအခြေအနေများကို ကျေးရွာနေပြည်သူများနှင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_rbe #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့ပေါ်ရှိရပ်ကွက်(၁၇၊ ၁၈၊ ၁၉)နှင့် ကန်ကျေးရွာအုပ်စု၊ အညွှန်ကျေးရွာ၊ ကနိကျေးရွာ၊ ကနိချောင်းဝကျေးရွာ၊ တင်ပုလွဲကျေးရွာအုပ်စု၊ တင်ပုလွဲရွာမကျေးရွာ၊ ဓမင်းဆိပ် ကျေးရွာ၊ ကွန်ဒိုင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရေးအတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင် ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးခြင်းများကို လှည့်လည်ဟောပြောခြင်းနှင့် ဘေး(၈)မျိုးလက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
အမြင့်ဆုံးအပူချိန်စံချိန်သစ်များ
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂)ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဩဂုတ်လ၏ အမြင့်ဆုံးအပူချိန်(နေ့အပူချိန်)စံချိန်သစ်များ
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂-၈-၂၀၂၀)ရက်နေ့၊ (၀၇း၃၀) နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သုံးမိုင်မြို့သစ်ရပ်ကွက်(၁၊၂၊၃၊၄)၊ ကျောက်ဖြူကျေးရွာ၊ ပိန္နဲတောင်ကျေးရွာနှင့် အစုလေးကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ဗွီနိုင်းများနှင့် First Aid Kit ဝေငှခြင်းများကို အများပြည်သူများ သိရှိလိုက်နာ ရန်ကွင်းဆင်း၍ Loud Speakerဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ … Read more
-
ယာယီရေဘေးခိုလှုံရေးစခန်းဆောက်လုပ်ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသော ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ရေလွတ်ရာအရပ်ဖြစ်သော ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် ယာယီရေဘေးခိုလှုံရေးစခန်းအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ NGO/ INGOများ၊ CSOများနှင့် ပူးပေါင်း၍ (၃၁-၇-၂ဝ၂ဝ) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁-၈-၂ဝ၂ဝ)ရက်နေ့တွင် စခန်းဆောက်လုပ်ပြီးစီးပါကြောင်း သတင်းရရှိပါ သည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #fld #mgy_aug2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ(၁၊၂၊၃၊၄)နှင့်အောက်ကွင်းကျေးရွာ၊ စံပြကျေးရွာ၊ မှော်ဘီကျေးရွာ၊ အခြာကြီးကျေးရွာ၊ အခြာလေးကျေးရွာ၊ အောင်သာယာကျေးရွာ၊ သမိန်ထောကုန်တန်းကျေးရွာ၊ သမိန်ထောသိမ်ကုန်းကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများ ပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ သရက်တောရပ်ကွက်နှင့် မင်းတဲကျွန်းကျေးရွာတို့မှ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု (၄၄)စု လူဦးရေ (၁၆၉)ဦးတို့အတွက် ဆန်ရိက္ခဖိုးထောက်ပံ့ငွေ(၃၅၄၉၀၀/-)ကျပ်၊ ဆပ်ပြာ(၄၄)တောင့်နှင့် surgical mask (၃၃၈)ခု တို့အား ရေဘေးရှောင် ပြည်သူများနေထိုင်ရာ သာသနာ့ဗိမာန်ဝင်း၌ (၁-၈-၂၀၂၀)ရက်နေ့လည်(၁၃:၀၀)နာရီတွင် မြို့နယ်သဘာဝဘေးအဖွဲ့နှင့် ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bog_aug2020
