လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ (၃၀ -၇ -၂၀၂၀) ရက်နေ့နှင့် (၂- ၈ -၂၀၂၀) ရက်နေ့တို့တွင် ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့် ကံမမြို့နယ်၊ မြဝတီကျေးရွာအုပ်စု၊ မြဝတီကျေးရွာ၊ အမှတ်(၁/၂/၃/၄) ရပ်ကွက်၊ မင်းပြင်ကျေးရွာ အုပ်စု၊ ပုထိုးကျေးရွာ၊ မွေသော်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာနှင့် ဂျွန်းတောင်ကျေးရွာ အုပ်စု၊ ဂျွန်းတောင်ကျေးရွာတို့တွင် နေထိုင်သည့် ရေဘေးသင့်လူနေအိမ် (၁၁၄) လုံး၊ အိမ်ထောင် စု (၁၁၁) စု၊ လူဦးရေ (၄၂၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၉၀,၄၀၀) ကျပ်တို့ အား (၃- ၈ -၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)