ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ သရက်တောရပ်ကွက်နှင့် မင်းတဲကျွန်းကျေးရွာတို့မှ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု (၄၄)စု လူဦးရေ (၁၆၉)ဦးတို့အတွက် ဆန်ရိက္ခဖိုးထောက်ပံ့ငွေ(၃၅၄၉၀၀/-)ကျပ်၊ ဆပ်ပြာ(၄၄)တောင့်နှင့် surgical mask (၃၃၈)ခု တို့အား ရေဘေးရှောင် ပြည်သူများနေထိုင်ရာ သာသနာ့ဗိမာန်ဝင်း၌ (၁-၈-၂၀၂၀)ရက်နေ့လည်(၁၃:၀၀)နာရီတွင် မြို့နယ်သဘာဝဘေးအဖွဲ့နှင့် ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#bog_aug2020

Sign Up

Upcoming Events