လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည်(၂-၈-၂၀၂၀)ရက်နေ့ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထား သည့် အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန် ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များစသည့် သဘာဝဘေးအသိပညာ ပေးခြင်းများကို အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။
#ar
#ygn_aug2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)