Author Archives: Department of Disaster Management
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ မြဝတီမြို့အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅)ရပ်ကွက်တို့တွင် Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ များပြည်သူများသိရှိလိုက်နာရန်အချက်များကြော်ငြာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_aug2020
-
(Covid-19) ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူလေးကျေးရွာအုပ်စု၊ ကက္ကူလေးကျေးရွာ၊ ကုလယ်တန်းကျေးရွာ၊ ရေသိုးကုန်းကျေးရွာတို့တွင် (Covid-19) ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေ ရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူ တို့ကို အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ သောကြာ ဒူးအုပ်စု၊ (အလယ်ကျွန်း၊ကျောင်းကုန်း)ကျေးရွာတို့တွင် (၁၀-၈-၂၀၂၀)ရက်နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၃)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ (၄၈,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၈,၃၀၀/-)ကျပ်ကို (၁၁-၈-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ မဲခင်ချောင်အုပ်စု၊ နန်းတော်ကျွန်းကျေးရွာတွင် (၇-၈-၂၀၂၀) ရက်နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်ကို (၁၁-၈-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့ပေါ်ရှိ ရပ်ကွက်(၁၊၂၊၃)နှင့် အုန်းပင်ကျေးရွာ၊ မငေးလေးကျေးရွာ၊ မှော်အိုင်ကျေးရွာ၊ချောင်းဖျားကျေးရွာ၊ သဲကုန်းကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးနှင့် ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ်COCဘုရားကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်း ဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်း ဘုရားကျောင်း၊ ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာCOCဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရား ကျောင်း၊ လုံးခင်းရပ်ကွက်(၅)ကက်သလစ်ဘုရားကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့်လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်း IDPs စခန်း(၁၆)ခုမှ အိမ်ထောင်စု(၆၄၉)စု၊ လူဦးရေ(၃၃၀၅)ဦးအတွက် ဆပ်ပြာ(၃၃၀၅)ခဲ၊ ထုံး(၁၆၀) အိတ်နှင့် ဗွီနိုင်း(၁၆)ခုတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံး (ဘစမ) … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀)ရက်နေ့မှ (၇-၈-၂၀၂၀)ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ကျွန်းစုမြို့နယ်၊ အမှတ်(၁)(၂)ရပ်ကွက်နှင့် ရေမြစ်ကြီးကျေးရွာအုပ်စု၊ တောပြားကျေးရွာအုပ်စု၊ ကပကျေးရွာအုပ်စု၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာအုပ်စု၊ မအိုင်ကျေးရွာအုပ်စု၊ မင်းဂုတ်ကျေးရွာအုပ်စု၊ ဘန္ဒနဲကျေးရွာအုပ်စုတို့တွင် ပြိုကျပျက်စီးသွားသော အိမ်ခြေ (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၉၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂၃)စု၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၁၇၀,၀၀၀)ကျပ် လူဦးရေ (၁၇၂) ဦးအတွက် ဆန်ဖိုး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ခြင်ဘို့၊ အင်္ဂရမ်း၊ သက္ကယ်ပြင်၊ ပဲကြီးကျွန်း) အုပ်စု၊ ကျေးရွာခွဲ(၅)ရွာတို့တွင် (၁-၈-၂၀၂၀)ရက်နေ့မှ (၁၀-၈-၂၀၂၀)ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/အိမ်ထောင်စု(၅၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၂၀၀,၀၀၀) ကျပ်၊ လူဦးရေ(၂၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၅၂၂,၉၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅,၇၂၂,၉၀၀) ကျပ်တို့ကို (၁၁-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_aug2020 … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့ ၊ (၁၀း၃၀) နာရီအချိန်မှ (၁၅း၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ သိလ္လာဂါတ်စုကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ တောင်ပေါ်စုကျေးရွာ၊ သိလ္လာချောင်းဖျားကျေးရွာ၊ ဆောင်ပုံကျေးရွာ၊ တေါင်ဒီးရွာသစ်ကျေးရွာ၊ ဆိပ်သာတောင်ကုန်းကျေးရွာနှင့် ဦးထုပ်ကွင်း ကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၂၉-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအား လည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေး … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် (၁၀-၈ -၂၀၂၀)ရက်နေ့ ၌ မြစ်မခမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၁၀)စုမှ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၆၀,၉၀၀)ကျပ်၊ အိမ်ထောင်စု (၁၀)စု အတွက် ဆပ်ပြာ (၁၀) တောင့်နှင့် လူဦးရေ (၂၉)ဦးအတွက် (၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၅၈)ခုတို့ကို (၁၁-၈-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် … Read more
