လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀)ရက်နေ့မှ (၇-၈-၂၀၂၀)ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ကျွန်းစုမြို့နယ်၊ အမှတ်(၁)(၂)ရပ်ကွက်နှင့် ရေမြစ်ကြီးကျေးရွာအုပ်စု၊ တောပြားကျေးရွာအုပ်စု၊ ကပကျေးရွာအုပ်စု၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာအုပ်စု၊ မအိုင်ကျေးရွာအုပ်စု၊ မင်းဂုတ်ကျေးရွာအုပ်စု၊ ဘန္ဒနဲကျေးရွာအုပ်စုတို့တွင် ပြိုကျပျက်စီးသွားသော အိမ်ခြေ (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၉၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂၃)စု၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၁၇၀,၀၀၀)ကျပ် လူဦးရေ (၁၇၂) ဦးအတွက် ဆန်ဖိုး (၇) ရက်စာ (၃၆၁,၂၀၀)ကျပ် ဒဏ်ရာရဆေးရုံတက် လူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၄၈၁,၂၀၀) ကျပ်တို့ကို (၁၁-၈-၂၀၂၀) ရက်နေ့တွင် ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#tny_aug2020
 
 
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events