ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ သောကြာ ဒူးအုပ်စု၊ (အလယ်ကျွန်း၊ကျောင်းကုန်း)ကျေးရွာတို့တွင် (၁၀-၈-၂၀၂၀)ရက်နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်​ရွှေ့​ပြောင်းရ​သော အိမ်​​ခြေ (၆) လုံး၊ အိမ်​ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၃)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ (၄၈,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၈,၃၀၀/-)ကျပ်ကို (၁၁-၈-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_aug2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events