ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ခြင်ဘို့၊ အင်္ဂရမ်း၊ သက္ကယ်ပြင်၊ ပဲကြီးကျွန်း) အုပ်စု၊ ကျေးရွာခွဲ(၅)ရွာတို့တွင် (၁-၈-၂၀၂၀)ရက်နေ့မှ (၁၀-၈-၂၀၂၀)ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/အိမ်ထောင်စု(၅၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၂၀၀,၀၀၀) ကျပ်၊ လူဦးရေ(၂၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၅၂၂,၉၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅,၇၂၂,၉၀၀) ကျပ်တို့ကို (၁၁-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#ayy_aug2020
 
 
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events