ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် (၁၀-၈ -၂၀၂၀)ရက်နေ့ ၌ မြစ်မခမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၁၀)စုမှ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၆၀,၉၀၀)ကျပ်၊ အိမ်ထောင်စု (၁၀)စု အတွက် ဆပ်ပြာ (၁၀) တောင့်နှင့် လူဦးရေ (၂၉)ဦးအတွက် (၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၅၈)ခုတို့ကို (၁၁-၈-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်နေအိမ်၌ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သိရှိရပါသည်။
#ha_fld
#bgo_aug2020
 
 
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events