လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးနှင့် ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ်COCဘုရားကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်း ဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်း ဘုရားကျောင်း၊ ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာCOCဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရား ကျောင်း၊ လုံးခင်းရပ်ကွက်(၅)ကက်သလစ်ဘုရားကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့်လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်း IDPs စခန်း(၁၆)ခုမှ အိမ်ထောင်စု(၆၄၉)စု၊ လူဦးရေ(၃၃၀၅)ဦးအတွက် ဆပ်ပြာ(၃၃၀၅)ခဲ၊ ထုံး(၁၆၀) အိတ်နှင့် ဗွီနိုင်း(၁၆)ခုတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံး (ဘစမ)
#ha_otr
#kcn_aug2020