Author Archives: Department of Disaster Management
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
ဩဂုတ် ၂၁၊ နေပြည်တော် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ုပုံငွေဖြင့် မသန်စွမ်းသူများ၏ ဘဝ ပိုမိုမြင့်မားတိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးနှင့် မသန်စွမ်းမှုအလိုက် လိုအပ်သောဝန်ဆောင်မှုများ ရရှိခံစားနိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၁:၀၀)နာရီချိန်အထိ လောင်းလုံး မြို့နယ်၊ ပန်းဒလဲကျေးရွာအုပ်စုအတွင်းရှိ ပန်းဒလဲကျေးရွာ၊ ကြေးနုတ်ပြင်ကျေးရွာနှင့် မြောင်းပေါက်ကျေးရွာများမှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွား တက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခေါင်းဒက္ကာကျေးရွာအုပ်စု၊ အုန်းတောကြီးမြောက် IDP Camp တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင်း (သွပ်မိုး၊ ဝါးထရံကာ၊ ဝါး ခင်း) လုံးဝပျက်စီးအဆောင် (၆) ဆောင်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး အဆောင်(၁) ဆောင် တို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု (၅၄) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၅) မျိုးအား (၂၁-၈-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင် မြို့နယ်၊ ရွှေကျင်အုပ်စု၊ ဘုရားလှကျေးရွာတွင် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၈၉၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၁၈,၉၀ဝိ/-) ကျပ်ကိုလည်းကောင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ မြောက်ချောကုန်းကျေးရွာတွင် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော အိမ်ခြေ/အိမ်ထောင်စု … Read more
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================================== “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။” Source: DMH
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ အလယ်ကျွန်းနှင့် ပြာသာကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၂၁၀၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၁,၀၀ဝိ/-) ကျပ်တို့ကို (၂၀-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug2020
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ =================================== ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနေပါသည်။အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဖောင်းပြင်မြို့တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ညောင်ဦးမြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်းကျေးရွာများတို့မှ (၁၇-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀) ရက်နေ့ထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေး တောရဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များ ရှိ စုစုပေါင်းအိမ်ထောင်စု (၂၆) စု၊ လူဦးရေ(၁၁၉)ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင် လျက်ရှိပြီး (၂၂-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၃ဝ) နာရီအချိန်တွင် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာ (၁) တောင့်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု(၂၆)စုအတွက် … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ် ရေသည် ဖားဆောင်းမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဖားဆောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေ ထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH
