ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်းကျေးရွာများတို့မှ (၁၇-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀) ရက်နေ့ထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြ‌သော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေး တောရဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များ ရှိ စုစုပေါင်းအိမ်ထောင်စု (၂၆) စု၊ လူဦးရေ(၁၁၉)ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင် လျက်ရှိပြီး (၂၂-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၃ဝ) နာရီအချိန်တွင် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာ (၁) တောင့်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု(၂၆)စုအတွက် ဆပ်ပြာ(၂၆)တောင့်၊ လူ(၁) ဦးလျှင် အဝတ်Mask(၁)ခုနှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၁၉)ဦးအတွက် အဝတ် Masks (၁၁၉) ခုနှင့် (၁)ဦးလျင် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ(၂,၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း လူဦးရေ (၁၁၉)ဦးတို့အတွက် (၂၄၉,၉၀၀/-) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#kcn_aug2020

Sign Up

Upcoming Events