
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခေါင်းဒက္ကာကျေးရွာအုပ်စု၊ အုန်းတောကြီးမြောက် IDP Camp တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင်း (သွပ်မိုး၊ ဝါးထရံကာ၊ ဝါး ခင်း) လုံးဝပျက်စီးအဆောင် (၆) ဆောင်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး အဆောင်(၁) ဆောင် တို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု (၅၄) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၅) မျိုးအား (၂၁-၈-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#rke_aug2020