
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင် မြို့နယ်၊ ရွှေကျင်အုပ်စု၊ ဘုရားလှကျေးရွာတွင် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၈၉၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၁၈,၉၀ဝိ/-) ကျပ်ကိုလည်းကောင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ မြောက်ချောကုန်းကျေးရွာတွင် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော အိမ်ခြေ/အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၇၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၄,၂၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၇၄,၂၀ဝိ/-) ကျပ်ကိုလည်းကောင်း၊ မြန်အောင်မြို့နယ်၊ ထူကျေးရွာအုပ်စု၊ ကြခတ်ကွင်းကျေးရွာတွင် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးသော အိမ်ခြေ/အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀,၀၀ဝိ/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး ၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆,၃၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၆,၃၀ဝိ/-) ကျပ်ကိုလည်းကောင်း (၂၀-၈-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီ အချိန်တွင် မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe_sgw
#ayy_aug2020