ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ အလယ်ကျွန်းနှင့် ပြာသာကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၂၁၀၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၁,၀၀ဝိ/-) ကျပ်တို့ကို (၂၀-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_aug2020

Sign Up

Upcoming Events