Author Archives: Department of Disaster Management
-
ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်မည့် ရန်ကုန်တိုင်းဒေသကြီးမှ စေတနာ့ဝန်ထမ်းများအား လေဆိပ်သို့ပို့ဆောင် မှုသတင်း
ရန်ကုန်၊ ဩဂုတ် ၂၇ ရခိုင်ပြည်နယ်၏ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်၌ မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလတစ်လခန့်အကြာ တာဝန်ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်းအမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း(၂၅)ဦးတို့သည် ယနေ့မွန်းလွဲ (၃)နာရီခွဲအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ကြရာ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပါသည်။ ယခုသွားရောက်သည့် စေတနာ့ဝန်ထမ်းများမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘိုတည်းကုန်းကျေးရွာမှ အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀၀/-) ကျပ်၊ လူဦး ရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၂၃,၁၀ဝ/-) ကျပ်တို့ကို (၂၈-၈-၂၀၂၀)နေ့ (၁၀:၀၀) နာရီတွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: … Read more
-
(Covid-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (COVID-19) ကူးစက်ရောဂါ ဒုတိယလှိုင်း မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို (၂၇-၈-၂၀၂၀)ရက်နေ့တွင် မော်လိုက်မြို့ပေါ်ရပ်ကွက်များဖြစ်သော သရက် ကုန်းရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စွယ်တော်ရပ်ကွက်၊ ကျောင်းတောင် ရပ်ကွက်၊ ကျောင်းမြောက်ရပ်ကွက်၊ တံတားဦးရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်စသည့် ရပ်ကွက်များတွင် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_aug2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ် ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (၂၇-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင်၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ ဝန် ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ် ပွားစေရန် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်တိုက်ကျေးရွာတွင်လည်းကောင်း၊ (၂၇-၈-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ခုတ်ဝကျေးရွာ၌လည်းကောင်း covid-19 ကူးစက်ရောဂါ ကြိုတင် ကာ ကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို hand speaker ဖြင့်အသိပညာပေး ဆော်သြ ခြင်း၊ Maskများဖြန့်ဝေခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ ကျောက်ရှပ်ကျေးရွာနှင့် မိကျောင်းလောင်း ကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိ လာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာ ပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ (၂၇.၈.၂၀၂၀)နေ့တွင် ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာ၊ အဖြူရောင်တွဲလက်များပရဟိတ အသင်းနှင့်ပူးပေါင်း၍ မီးလောင်အော် ရေချို ပြင်း ငယ် ရှပ်ပုံ သမုတ်တောင် တံမျှားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့၊ ဆံတော် ရပ်ကွက်၌ (၂၇-၈-၂၀၂၀) ရက်နေ့၊ (၀၂:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး ကုက္ကိုပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၂,၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့အား (၂၇-၈-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက်၊ သီရိမာလာရပ်ကွပ်နှင့် သီရိဇေယျာရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရေဘေးအသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၇-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံးမှ တာဝန်ရှိသူ များသည် မုံရွာမြို့နယ်အတွင်းရှိ ရွှေဒါးကျကျေးရွာ၊ ကျီကုန်းကျေးရွာ၊ ခင်မွန်ကျေးရွာ၊ မြေနဲ ကျေးရွာ၊ ဘုမ္မနိုးကျေးရွာများရှိ မိဘပြည်သူများအား COVID-19 အသိပညာပေးခြင်း၊ ရေဘေး အန္တရာယ်အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်းစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်၊ စန္ဒကူးရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို နှိုးဆော်အသိပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
