
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၇-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံးမှ တာဝန်ရှိသူ များသည် မုံရွာမြို့နယ်အတွင်းရှိ ရွှေဒါးကျကျေးရွာ၊ ကျီကုန်းကျေးရွာ၊ ခင်မွန်ကျေးရွာ၊ မြေနဲ ကျေးရွာ၊ ဘုမ္မနိုးကျေးရွာများရှိ မိဘပြည်သူများအား COVID-19 အသိပညာပေးခြင်း၊ ရေဘေး အန္တရာယ်အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_aug2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံး (ဘစမ)