လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (COVID-19) ကူးစက်ရောဂါ ဒုတိယလှိုင်း မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို (၂၇-၈-၂၀၂၀)ရက်နေ့တွင် မော်လိုက်မြို့ပေါ်ရပ်ကွက်များဖြစ်သော သရက် ကုန်းရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စွယ်တော်ရပ်ကွက်၊ ကျောင်းတောင် ရပ်ကွက်၊ ကျောင်းမြောက်ရပ်ကွက်၊ တံတားဦးရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်စသည့် ရပ်ကွက်များတွင် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)