
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘိုတည်းကုန်းကျေးရွာမှ အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀၀/-) ကျပ်၊ လူဦး ရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၂၃,၁၀ဝ/-) ကျပ်တို့ကို (၂၈-၈-၂၀၂၀)နေ့ (၁၀:၀၀) နာရီတွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_aug2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)