လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့၊ ဆံတော် ရပ်ကွက်၌ (၂၇-၈-၂၀၂၀) ရက်နေ့၊ (၀၂:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး ကုက္ကိုပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၂,၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့အား (၂၇-၈-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_aug2020

Sign Up

Upcoming Events