Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ် ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (၂၇-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင်၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ ဝန် ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ် ပွားစေရန် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်တိုက်ကျေးရွာတွင်လည်းကောင်း၊ (၂၇-၈-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ခုတ်ဝကျေးရွာ၌လည်းကောင်း covid-19 ကူးစက်ရောဂါ ကြိုတင် ကာ ကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို hand speaker ဖြင့်အသိပညာပေး ဆော်သြ ခြင်း၊ Maskများဖြန့်ဝေခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_aug2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events