Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့နံနက် (၀၂:၀၀) အချိန်ခန့်၌ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁) လုံးမှ လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၁၈,၉၀ဝ) ကျပ်ကို ယင်းဘေးဖြစ်ပွားသည့်ရက် နေ့လည် (၁၃:၀၀) အချိန်၌ပင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) နေ့ ခင်ဦးမြို့နယ်၊ မြနန္ဒာ၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာရပ်ကွက်များနှင့် ကန်သစ်ကျေးရွာ၊ သာဂရကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ကူးစက်မှူ ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                       ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း     

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀)ရက်နေ့တွင် COVID-19 စီးပွားကုစားမှုအစီစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် တစ်အိမ်ထောင်စုလျှင်(၄၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာ IDPsစခန်းရှိ အိမ်ထောင်စု(၉၁)စုအတွက်(၃၆၄၀၀၀ဝိ/-)၊ မုတ်လွှဲ(ခါးရှို) IDPsစခန်းရှိ အိမ်ထောင်စု(၅၈)စုအတွက် (၂၃၂၀၀၀ဝိ/-)၊အမှတ်(၂)လော်ဝေါ်နှစ်ခြင်းဇုံနယ် IDPs စခန်းရှိ အိမ်ထောင်စု(၈၁)စုအတွက်(၃၂၄၀၀၀ဝိ/-)၊ စုစုပေါင်းတန်ဖိုး(၉၂၀၀၀၀ဝိ/-)အားပြည်သူများလက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_sep2020 Source:                       ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ မမဲကျေးရွာအုပ်စု၌ (၃၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့ အိမ်ထောင်စု (၅) စုမှ လူဦး‌ ရေ (၁၅) ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၃၁,၅၀ဝ) ကျပ်၊ အိမ်ထောင်စု (၁) စုလျင်ဆပ်ပြာ (၁) တောင့်၊ Surgical Mask (၂) ခုနှုန်းဖြင့် ဆပ်ပြာ (၅) တောင့်နှင့် Surgical Mask (၃၀) ခုတို့အား … Read more

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း                

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၉.၂၀၂၀)ရက်နေ့ နံနက် (၈)နာရီမှ (၁၂)နာရီအထိ ကလေးမြို့ မြို့မဈေး၊ တာဟန်းဈေး၊ လှိုင်သာယာရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ တာဟန်းရပ်ကွက် တို့တွင် Covid19 ကူးစက်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ဘေးစသော သဘာဝဘေးများနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းကြော်ငြာများဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                       ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း                

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကွမ်ရိုက်ကျေးရွာနှင့် တော်ကနာကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်​တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_sep2020 Source:                       ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း                

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၂၀)နေ့တွင် ထုံးဖိုလူမူကူညီရေးပရဟိတအသင်း၊ သဒ္ဓါသွေးနှင့်ကျန်းမာရေးကူညီမှုအသင်း၊ မိသားစုညီညွှတ်ရေးပရဟိတအသင်း၊ ရှင်သန်ခြင်းပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ ငွေပုလဲရပ်ကွက်၊ ရှမ်းချောင်းရပ်ကွက်၊ ရွာသစ်ရပ်၊ ဝန်ထမ်းရပ်၊ ကလွင်၊ စုံခေါင်း၊ ရှားတောဝရပ်ကွက်တို့တွင်COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများ ပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ခြင်း၊ Maskများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2020 Source:                       မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၂း၀၀)နာရီတွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီး(ကျွန်းညိုရွာသစ်) ကျေးရွာ၌(၃.၉.၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီးကမ်းပါးပြို ကျမှုကြောင့်ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၁)ဦး မ(၂)ဦး၊ စုစုပေါင်း(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃ဝဝိ/-)နှင့် ပြောင်းရွှေ့အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)၊ စုစုပေါင်း(၁၀၆၃ဝဝိ/-)၊ ဓာတ်ဆားထုပ် (၁၀)ထုပ်အား ကျွန်းညိုကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_sep2020 Source:                       ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • IDPs စခန်းရှိပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀)ရက်နေ့ (၁၂း၀၀)အချိန်တွင် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ IDPs စခန်း(၁၆)ခုမှ စုစုပေါင်းအိမ်ထောင်စု (၆၄၅)စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၅၈၀၀၀၀ဝ/-)အား စခန်းရှိ ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_sep2020 Source:                       မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events