လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့နံနက် (၀၂:၀၀) အချိန်ခန့်၌ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁) လုံးမှ လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၁၈,၉၀ဝ) ကျပ်ကို ယင်းဘေးဖြစ်ပွားသည့်ရက် နေ့လည် (၁၃:၀၀) အချိန်၌ပင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mdy_sep2020

Sign Up

Upcoming Events