လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၂၀)နေ့တွင် ထုံးဖိုလူမူကူညီရေးပရဟိတအသင်း၊ သဒ္ဓါသွေးနှင့်ကျန်းမာရေးကူညီမှုအသင်း၊ မိသားစုညီညွှတ်ရေးပရဟိတအသင်း၊ ရှင်သန်ခြင်းပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ ငွေပုလဲရပ်ကွက်၊ ရှမ်းချောင်းရပ်ကွက်၊ ရွာသစ်ရပ်၊ ဝန်ထမ်းရပ်၊ ကလွင်၊ စုံခေါင်း၊ ရှားတောဝရပ်ကွက်တို့တွင်COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများ ပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ခြင်း၊ Maskများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_sep2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)