လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀)ရက်နေ့တွင် COVID-19 စီးပွားကုစားမှုအစီစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် တစ်အိမ်ထောင်စုလျှင်(၄၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာ IDPsစခန်းရှိ အိမ်ထောင်စု(၉၁)စုအတွက်(၃၆၄၀၀၀ဝိ/-)၊ မုတ်လွှဲ(ခါးရှို) IDPsစခန်းရှိ အိမ်ထောင်စု(၅၈)စုအတွက် (၂၃၂၀၀၀ဝိ/-)၊အမှတ်(၂)လော်ဝေါ်နှစ်ခြင်းဇုံနယ် IDPs စခန်းရှိ အိမ်ထောင်စု(၈၁)စုအတွက်(၃၂၄၀၀၀ဝိ/-)၊ စုစုပေါင်းတန်ဖိုး(၉၂၀၀၀၀ဝိ/-)အားပြည်သူများလက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_sep2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)