လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၂း၀၀)နာရီတွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီး(ကျွန်းညိုရွာသစ်) ကျေးရွာ၌(၃.၉.၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီးကမ်းပါးပြို ကျမှုကြောင့်ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၁)ဦး မ(၂)ဦး၊ စုစုပေါင်း(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃ဝဝိ/-)နှင့် ပြောင်းရွှေ့အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)၊ စုစုပေါင်း(၁၀၆၃ဝဝိ/-)၊ ဓာတ်ဆားထုပ် (၁၀)ထုပ်အား ကျွန်းညိုကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_sep2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)