
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ မမဲကျေးရွာအုပ်စု၌ (၃၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့ အိမ်ထောင်စု (၅) စုမှ လူဦး ရေ (၁၅) ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၃၁,၅၀ဝ) ကျပ်၊ အိမ်ထောင်စု (၁) စုလျင်ဆပ်ပြာ (၁) တောင့်၊ Surgical Mask (၂) ခုနှုန်းဖြင့် ဆပ်ပြာ (၅) တောင့်နှင့် Surgical Mask (၃၀) ခုတို့အား (၃-၉-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#bgo_sep2020