Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာအုပ်စု၊ ပိတောက်စမ်းကျေးရွာတွင် (၁၉-၉-၂၀၂၀) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိဒဏ်ရာရ ဆေးရုံတက်လူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့ (၁၁:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_sep2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီမှ (၁၂:၃၀) နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ခေါက်ကူကျေးရွာ၊ ပန်းထိပ်ကျေးရွာနှင့် မင်းရွာကျေးရွာများတွင် Covid-19 ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နိုးဆော်ခြင်းများကို လော်စပီကာ အသုံးပြု၍လှည့်လည်ကြေညာခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါလျက် (၁၈-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း”နိုလ်”၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ၊ ချောင်းအနီးနေထိုင်သော ရေဘေးသင့်အိမ်ထောင်စု (၁၆) စုတို့မှလူဦးရေ (၈၃) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၇၄,၃၀ဝ) ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး Mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ (၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ၊ ထုံးအိတ် (၁၀)အိတ်အားလည်းကောင်း၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှအိမ်ထောင်စု (၁၆၆)စု၊ လူဦးရေ (၇၈၇)ဦးတို့အတွက် ဆပ်ပြာ(၇၈၇)ခဲ၊ ထုံးအိတ် (၁၀) အိတ်အားလည်းကောင်း၊ ရောဘတ်ကျောင်းIDPs စခန်းမှအိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅)ဦးတို့အတွက် ဆပ်ပြာ(၃၉၅၅)ခဲ၊ ထုံးအိတ် (၁၀) အိတ်အားလည်းကောင်း၊ မူရင်းနှစ်ခြင်းlDPsစခန်းမှ အိမ်ထောင်စု … Read more

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီမှ (၁၀:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်၊ သရက်ကုန်းကျေးရွာ၊ ပြရွာကျေးရွာ၊ တုံရွာကျေးရွာများသို့ Covid-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2020

  • ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့၊ (၁၂:၃ဝ) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု ၊ပင်လယ်ကမ်းကျေးရွာတွင် ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်အား သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၀-၉-၂၀၂၀) ရက်နေ့ (၁၂:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_sep2020

  • ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာတွင် ထူးကဲဒီရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၇၆)စု၊ လူဦးရေ (၂၂၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၄၇၄၆၀၀/-) ကျပ်နှင့် ဘေးသင့်ပြည်သူများ သုံးစွဲနိုင်ရန်အတွက် Mask များအား (၂၀-၉-၂၀၂၀) ရက်နေ့ (၈:၃၀) ချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် … Read more

  • ပေါက်မြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်ပြီးစီးမှုအား စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးလက်အောက်ရှိ ပေါက်မြို့နယ်ဦးစီးမှူးရုံးတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်သော မြို့နယ်ဦးစီးမှူးရုံး (၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအား မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၀-၉-၂၀၂၀) ရက်နေ့တွင် အဆောက်အဦဆောက်လုပ် ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #office_dev #mgy_sep2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ ည (၀၇:၀၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့၊ ရပ်ကွက် (၁၀) ခုအတွင်း လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများ၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020

  • ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း “နိုလ်”၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပပြင်ကျေးရွာအုပ်စု၊ ပပြင်ချောင်းအနီးနေထိုင်သော ရေဘေးသင့်အိမ်ထောင်စု (၅၁) စု တို့မှလူဦးရေ (၂၃၀) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၄၈၃,၀၀ဝ) ကျပ်အား (၂၀-၉-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး Mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_sep2020

Sign Up

Upcoming Events