ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာတွင် ထူးကဲဒီရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၇၆)စု၊ လူဦးရေ (၂၂၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၄၇၄၆၀၀/-) ကျပ်နှင့် ဘေးသင့်ပြည်သူများ သုံးစွဲနိုင်ရန်အတွက် Mask များအား (၂၀-၉-၂၀၂၀) ရက်နေ့ (၈:၃၀) ချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့နှင့်အတူသွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#tny_sep2020

Sign Up

Upcoming Events