
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါလျက် (၁၈-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း”နိုလ်”၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ၊ ချောင်းအနီးနေထိုင်သော ရေဘေးသင့်အိမ်ထောင်စု (၁၆) စုတို့မှလူဦးရေ (၈၃) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၇၄,၃၀ဝ) ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး Mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#tny_sep2020