Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃-၁၀-၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းကျေးရွာ၊ ရှောင်ကွင်းလမ်းမကြီးဘေး၌ မီးဘေးဖြစ်ပွားခဲ့မှုကြောင့် မီးဘေးသင့်လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဘိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး(၁)ပုံးအား(၄-၁၀-၂၀၂၁)ရက်နေ့ (၁၂:၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_oct2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၁၀.၂၀၂၁) ရက်နေ့၊ (၁၀:၃၀)အချိန်မှ (၁၃:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအုပ်စု၌ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို အသံချဲ့စက်ဖြင့် ပြည်သူလူထုထံသို့ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ထိခိုက်ဒဏ်ရာရရှိသူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည် (၂၇-၉-၂၀၂၁) ရက်နေ့၊ (၀၆:၅၀) အချိန်ခန့်တွင် ဖာပွန်မြို့၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာ၌ ငါးမြုံးသွားယူစဥ် မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်တိတိအား (၃၀-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်ခန့်တွင် ဖာပွန်မြို့၊ တပ်မတော်ကုတင် (၁၀၀)သို့ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #krn_oct2021
-
မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၉-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် ဒေါ်ကျော့ကျော့ခိုင် (၂၃)နှစ်၊ (အဘ)ဦးမောင်ညို မိုးကြိုးထိမှန်သေဆုံးခဲ့ရာ ၎င်းသေဆုံးသူအတွက် ထောက်ပံ့ ငွေကျပ်(၃၀၀,၀၀ဝိ/-)အား (၃၀-၉-၂၀၂၁)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မန်သဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှတဆင့် ကျန်ရစ်သူမိသားစုဝင် များထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_oct2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပြီးစီးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၂၁) ရက်နေ့တွင် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ လူမှုကယ်ဆယ်ရေးရုံးအနီး၌လည်းကောင်း၊ (၂၈-၉-၂၀၂၁)ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာကမြင်အုပ်ချုပ်ရေးမှူးရုံးရှေ့၌လည်းကောင်း မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်(၉-ပေ x ၆-ပေ)အား စိုက်ထူ ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု သတင်း
(၂၈-၉-၂၀၂၁)ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် နံနက်(၀၇:၀၀)အချိန်မှ (၁၀:၀၀)အချိန်အထိ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့အတွင်း COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုထံသို့ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇–၉–၂၀၂၁) ရက်နေ့၊ (၁၂:၀၀)အချိန်မှ (၁၆:၀၀)အချိန်ထိ ဘားအံမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၊ ထန်းတပင် ကျေးရွာ၊ ကော့ဒါန်းမယ်ကျေးရွာ၊ ကော့မန်းတလိန်ကျေးရွာ၊ ဝါးဆူးကျေးရွာ၊ ခလောက်နိုင်း ကျေးရွာ၊ ကော့ကရဲ့ထော်ကျေးရွာ၊ ဝင်းကျန်ကျေးရွာ၊ ကရင်ဖားလင်ကျေးရွာ၊ ဖားလင်(၁) ကျေးရွာ၊ ထုံးအိုင်စံပြကျေးရွာ၊ နောင်ထလုံးကျေးရွာ၊ တောကြီးကုန်းကျေးရွာ၊ သာယာကုန်း ကျေးရွာ၊ ကော့တရုတ်ရကျေးရွာ၊ ကော့သိုက်ကျေးရွာနှင့် ကော့ထမလိန်းကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပညာပေးဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
(၂၆-၉-၂၀၂၁) ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းနှင့် ဘူးကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ ပြည်သူများသို့လည်းကောင်း၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော သင်ပျို၊ ကျီးအိပ်၊ ဇရပ်ဖြူ၊ ၊ မြောင်းဦး၊ ကြောင်ပန်းကုန်း၊ ညောင်ဝန်း၊ ညောင်ရွှေ၊ ပွတ္တိုင်၊ သင်ပုတ် စသည့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာတို့မှ ပြည်သူများသို့လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၉.၂၀၂၁)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှ နေ့လယ်(၁၂:၀၀)အချိန်အထိ လှိုင်းဘွဲမြို့နယ် အတွင်းရှိ ပိန္နဲတောကျေးရွာ၊ မဲသိမ်ကုန်းကျေးရွာနှင့် ကွမ်ဘီကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူ များထံသို့ အသိပညာပေးခြင်းလုပ်ငန်းများကို လှိုင်းဘွဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၇-၉-၂၀၂၁) ရက်နေ့ (၀၉:၃၀)အချိန်မှ (၁၂:၃၀)အချိန်ထိ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ စော်ကဲကျေးရွာနှင့် နှီးမုတ်ကျေးရွာများ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #mon_sep2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
