Author Archives: Department of Disaster Management
-
ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်မှူကြောင့် ရေဝင်ဖျက်သိမ်းအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/)နှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀ိ/)၊ စုစုပေါင်း(၂၁၂၆၀၀ိ/)တို့အား (၅.၁၀.၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_oct2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ပိန္နဲကုန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ဇေယျာချောင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ မိဿလင်းအုပ်စု၊ ကျောက်ထုံးကြီးအုပ်စု၊ ဝေဆွယ်ကျေးရွာတို့တွင် (၃၀.၉.၂၀၂၀)နှင့် (၁.၁၀.၂၀၂၀) ရက်နေ့တို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှူကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၇၄)စုမှ လူဦးရေ(၄၀၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၅၆၈၀၀ိ/)၊ အဝတ်Mask(၁၀၆)ခုနှင့် ဆပ်ပြာ(၁၂)တောင့်တို့အား (၂.၁၀.၂၀၂၀) ရက်နေ့(၁၆း၅၀) နာရီချိန်တွင်လည်းကောင်း၊ (၃.၁၀.၂၀၂၀) ရက်နေ့ (၁၂း၁၅) နှင့်(၁၄း၀၀)နာရီချိန်တို့တွင်လည်းကောင်း၊ (၄.၁၀.၂၀၂၀) ရက်နေ့(၁၄း၀၀)နာရီချိန်တွင်လည်းကောင်း၊ (၅.၁၀.၂၀၂၀)ရက်နေ့ (၁၁း၃၀)နှင့် (၁၅း၀၀)နာရီတို့တွင်လည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_oct2020 … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅.၁၀.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Cyclone Shelter တည်ဆောက်မည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ (၆.၁၀.၂၀၂၀) ရက်နေ့တွင် တင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် Cyclone Shelter တည်ဆောက်မည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source: မြိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာတွင် (၂၈.၉.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၄၀၀,၀၀၀) ၊ လူဦးရေ(၆၇)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၁၄၀,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၅၄၀,၇၀၀) နှင့် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်းကျေးရွာ၊ ရုံးဆိပ်ကျွန်းကျေးရွာတွင်(၂၈.၉.၂၀၂၀)ရက်နေ့နှင့် (၃၀.၉.၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀,၀၀၀)၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၅၄,၆၀၀)၊ စုစုပေါင်းထောက်ပံငွေ(၇၅၄,၆၀၀) အား ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၆.၁၀.၂၀၂၀)ရက်နေ့ (၁၃:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်း IDPsစခန်းရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၃၀၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၃၀၆)ခဲနှင့် ကက်သလစ် IDPsစခန်းရှိ အိမ်ထောင်စု(၄၂)စု၊ လူဦးရေ(၁၇၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၁၇၆)ခဲ စုစုပေါင်း ထုံး(၂၀)အိတ်၊ ဆပ်ပြာ(၄၈၂)ခဲစသည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_oct2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်ရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ (၆- ၁၀-၂၀၂၀)ရက်နေ့(၁၀:၀၀)အချိန်တွင် လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #krn_oct2020 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆပ်ပြာနှင့်ထုံးအိတ်များ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးခရိုင်ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ မိုးမောက်မြို့၊ နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၄၀၄)စု၊ လူဦးရေ(၁၉၀၅)ဦးအတွက် paris ဆပ်ပြာ (၁၉၀၅)ခဲနှင့် ထုံးအိတ်(၁၀)အိတ်နှင့် ကက်သလစ်IDPs စခန်းမှ အိမ်ထောင်စု (၈၈)စု၊ လူဉီးရေ (၄၁၄)ဦးတို့အတွက် ဆပ်ပြာ(၄၁၄)နှင့် ထုံး(၁၀)အိတ်တို့အား (၆-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_oct2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ကျေးရွာအုပ်စု၊ဂျုပ္ပင်ကျေးရွာတွင် (၄-၁၀-၂၀၂၀)ရက်နေ့ (၁၄း၄၅) အချိန်၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား (၅-၁၀-၂၀၂၀) ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သေဆုံးသူ၏ မိသားစုထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mdy_oct2020
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၂၀)ရက်နေ့ (၁၉:၃ဝ) အချိန်၌ သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ပန်းဒေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/- )ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီမှတာဝန်ရှိသူများနှင့်အတူ (၅-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါပြီး၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_oct2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
