မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၂၀)ရက်နေ့ (၁၉:၃ဝ) အချိန်၌ သရက်ချောင်းမြို့နယ်၊ ကြာအင်း‌ကျေးရွာအုပ်စု၊ ပန်းဒေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/- )ကျပ်အား အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ကြက်‌ခြေနီမှတာဝန်ရှိသူများနှင့်အတူ (၅-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါပြီး၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#tny_oct2020
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events