Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၉:၀၀)နာရီမှ (၁၉:၂၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ကံမမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့် ဂျွန်းတောင်ကျေးရွာအုပ်စု၊ ဂျွန်းတောင်ကျေးရွာတွင် လူနေအိမ် (၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၆ )လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေကျား (၁၅)ဦး၊ မ (၁၃)ဦး၊ စုစုပေါင်းလူဦးရေ (၂၈)ဦး လေဘေးသင့်ခဲ့ပြီး အဆိုပါဘေးသင့် နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ … Read more
-
လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၇/၂၀၂၀)
လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၇/၂၀၂၀) =========================================== =========== (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်) =============================== (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =================================== လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် အခြေအနေ ===================================== ၁။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ထိုင်းပင်လယ် ကွေ့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့ပြီး ကပ္ပလီပင်လယ်ပြင်တွင် လေပွေလှိုင်းအဖြစ် အားလျော့ သွားခဲ့ပါသည်။ အဆိုပါလေပွေလှိုင်းသည် နောက် (၆)နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် … Read more
-
လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၆/၂၀၂၀)
လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၆/၂၀၂၀) ============================= (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်) ============================= (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================= လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် အခြေအနေ ============================= ၁။ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး၊ ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်ပါ သည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာလ (၉)ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် =============== ၂။ … Read more
-
လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၅/၂၀၂၀)
လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၅/၂၀၂၀) ============================= ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၈) ရက် ============================= (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================= လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် အခြေအနေ ============================= ၁။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိနေပြီး အနောက်ဘက် သို့ ဆက်လက်ရွေ့လျားကာ ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများကို ဖြတ်ကျော်နိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာလ (၉)ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ၏ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၉)နာရီတွင် Online စနစ်ဖြင့်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ Online အစည်းအဝေးအား COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် မျှဝေဆွေးနွေးသွားလိုခြင်းနှင့် ရေရှည်အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေးတို့အတွက် မဟာဗျူဟာတစ်ရပ်ရေးဆွဲသွားနိုင်ရေး ဆွေးနွေးညှိနှိုင်းသွားနိုင်ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ COVID-19 ကြောင့်ဖြစ်လာမည့် လူမှုစီးပွားအခက်အခဲများသည် ကာလတစ်ခုအထိ သက်ရောက်မှုရှိနေနိုင်သေးသည့်အတွက် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များအား … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ( ၂/၂၀၂၀) ကျင်းပ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၀)ကို လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် COVID-19 ကာလအတွင်း မသန်စွမ်းသူများအတွက် မိမိတို့ဝန်ကြီးဌာနက လမ်းပေါ်နေကလေးများ၊ ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် အနာကြီးရောဂါခံစားနေရသူများအား ငွေကြေးထောက်ပံ့ခြင်းနှင့် အာဟာရပြည့်ဝနိုင်စေရန် အထောက်အကူပြုစေရေး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် (၂၆-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်မှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၆၀၀,၀၀၀ိ/-)၊ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၄၂,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၇၄၂,၈၀၀ိ/-)အား (၈-၁၀-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အနာကြီးရောဂါနာတာရှည်ဝေဒနာခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာ ပံ့ပိုးကူညီနိုင်မည့်ကိစ္စရပ်များကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် အနာကြီးရောဂါနာတာရှည်ဝေဒနာ ခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာပံ့ပိုးကူညီနိုင်မည့်ကိစ္စရပ်များကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဘဝစက်ဝန်းတစ်လျှောက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကိုဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိရာ ပြည်သူများနှင့် ပိုမိုနီးစပ်လာသည်ဟု ခံစားရပါကြောင်း၊ နိုင်ငံ၏ဒီမိုကရေစီ အပြောင်းအလဲတွင် လူတစ်ဦးချင်း၏အခွင့်အရေးကို ဖော်ဆောင်ရာတွင် ဒီမိုကရေစီစံနှုန်းကို မြှင့်တင်ရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် အဓိကကျပါကြောင်း၊ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရာတွင်ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုရရှိရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများချမှတ်ပြီး စနစ်တကျဖော်ဆောင်မှသာ အောင်မြင်မှုရမည်ဖြစ်ကြောင်း၊ အနာကြီးရောဂါခံစားရသူများသည် ကိုယ်အင်္ဂါမသန်စွမ်းကြသော်လည်း စိတ်သန်စွမ်းသူများဖြစ်အောင် မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်က ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံခြင်းကင်းပြီး ကိုယ်ချင်းစာစိတ်ဖြင့် အသိပညာပေးခြင်း၊ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံအနာကြီးရောဂါခံစားနေရသူများအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောင်းလဲလာသောဒီမိုကရေစီစနစ်ကြောင့် မိမိတို့ကို လူအများ၏နောက်ကွယ်တွင် နေထိုင်ကြရသောသူများဟု နောက်ချန်မထားခဲ့ဘဲ အသိအမှတ်ပြုခံရခြင်းအတွက် ကျေးဇူးတင်ဝမ်းသာမိ ပါကြောင်း၊ မိမိတို့အသင်းအဖွဲ့အနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့နယ်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်းနှင့် အနာကြီးရောဂါခံစားနေရသူများ၏ အရှက်၊ သိက္ခာများအတွက် မားမားမတ်မတ်ရပ်တည်ပေးနေခြင်းကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မိမိဘဝ၊ မိမိအသက်ကို ရှင်သန်အောင် ကြိုးစားနေထိုင်စဉ် ယခုကဲ့သို့ ထောက်ပံ့ခြင်းများကို ကြားရ ကြုံရခြင်းအတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံနေရာ၊ ဒေသအနှံ့အပြားတွင် အနာကြီးရောဂါခံစားနေရသူများရှိသည်ကို သိရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ကျန်ရှိနေသူများရှိနိုင်သည့်အတွက် ထပ်မံထောက်ပံ့နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းရပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ The Leprosy Mission (မြန်မာ)၊ မြန်မာနိုင်ငံအနာကြီးရောဂါခံစားနေရသူများအသင်း၊ အနာကြီးနှင့် မသန်စွမ်းမှုကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောက်ပေကုန်းကျေးရွာအုပ်စု၊ ကုန်ကြီးကျေးရွာတွင် (၂၉-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၈၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၄၀ဝိ/-)အား (၈-၁၀-၂၀၂၀)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာနှင့် ကုလားကျွန်းကျေးရွာတို့တွင် (၂၆-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၈၈၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၈၂၀ဝိ/-)အား (၈-၁၀-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန် ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
