Author Archives: Department of Disaster Management

  • မိုင်းထိဒဏ်ရာရ ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ် (၁) ရပ်ကွက်မှ မိုင်းထိမှန်ဒဏ်ရာ ရသူ (၁) ဦးလျှင်(၅၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် ဒဏ်ရာရသူ (၂) ဦးအား စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်ကို (၁၉-၁၀-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်၌ ဒဏ်ရာ ရရှိသူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_oct2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ ကိုးတောင်မကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံငွေ (၂၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၂၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စာအား (၁၉-၁၀-၂၀၂၀)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များ၊ မြို့နယ်လူငယ်ရေးရာရှိသူများ၊ မြို့နယ်လူငယ်ရေးရာအတွင်းရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ ညောင်တုန်းမြို့၊ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု မှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၁) အိမ်ထောင်စာ၊ care myanmar ပိုက်ဖျာ (၁)ချပ်၊ ဆန်ရိက္ခာ (၇)ရက် စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၀)ရက် နေ့တွင် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာအုပ်စု၊ ကွမ်လမိုင်းကျေးရွာ၌ မီးလောင်ကျွမ်း မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝ/-) ကျပ်၊ မီးဘေးသင့်လူဦးရေ (၁)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ (၂,၁၀ဝ/-)ကျပ် ၊ စုစုပေါင်း(၂၀၂,၁၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးတို့အား (၁၈-၁၀-၂၀၂၀)ရက်​နေ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီ အသင်းခွဲ တို့နှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_fir #mon_oct2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် WFP (World Food Programme) နှင့် ပူးပေါင်း၍  ဘီးလင်းမြို့နယ်၊ Lock Down ဧရိယာ၊ ကျေးရွာ(၆)ရွာအတွင်းရှိ လူဦးရေ(၉၀၀၆)ဦးအတွက် ဆန်(၂၄ပြည်ပါ)၈၁၁အိတ်၊ ကုလားပဲ(၂၄ပြည်ပါ)၁၀၉အိတ်၊ ဆီ(၆၀ကျပ်သားပါ)၃၀၁၂ဗူး၊ ဆား(၂၇ပိသာနှင့် ၅၀ကျပ်သားပါ)၁၀အိတ်တို့အား  (၁၈-၁၀-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဘီးလင်းမြို့၊ သာသနာ့ဗိမာန်တော်၌  ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #mon_oct2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၀)ရက်နေ့၊ (၀၄:၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)စုမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက်  ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၄,၇၀၀/-)ကျပ်အား (၁၈-၁၀-၂၀၂၀) ရက်နေ့  (၁၀:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_oct2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀)ရက်နေ့နှင့် (၁၇-၁၀-၂၀၂၀) ရက်နေ့တို့တွင် လားရှိုးမြို့နယ်၊ ကုန်းမုံကျေးရွာအုပ်စု၊ နားယကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ကျေးရွာနေပြည်သူ ကျား(၃၈)၊ မ(၁၀၀)၊ စုစုပေါင်း(၁၃၈)ဦး တို့သည် နမ့်ပေါင်ကျေးရွာအုပ်စု၊ နမ့်ပေါင်ကျေးရွာရှိ မြို့လယ်ဘုန်းကြီးကျောင်းသို့ တိမ်းရှောင် ခဲ့ကြရာ ၎င်းတိုက်ပွဲရှောင်အိမ်ထောင်စု(၄၂)စု၊ လူဦးရေ(၁၃၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၈၉,၈၀၀/-)ကျပ်အား (၁၇-၁၀-၂၀၂၀) ရက်နေ့တွင် နမ့်ပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_oct2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ဥမှင်ကုန်းအုပ်စု၊ အိမ်တိုင်ပုံကျေးရွာတွင်(၁၆-၁၀-၂၀၂၀)ရက်နေ့၌ မိုးရွာသွန်းမှုကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၃၀၀,၀၀၀/-)အား (၁၇-၁၀-၂၀၂၀)ရက် နေ့(၁၃း၀၀)နာရီ အချိန်တွင် ကျန်ရစ်သူ၏ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg _oct2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀) ရက်နေ့ (၁၆:၃၀)နာရီတွင် တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာအုပ်စု၊ မူးဂွကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့သော ကြောင့် ထိခိုက်ပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၄,၇၀၀/-) ကျပ်တို့အား (၁၇-၁၀-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီတွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg _oct2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events