လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် WFP (World Food Programme) နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ Lock Down ဧရိယာ၊ ကျေးရွာ(၆)ရွာအတွင်းရှိ လူဦးရေ(၉၀၀၆)ဦးအတွက် ဆန်(၂၄ပြည်ပါ)၈၁၁အိတ်၊ ကုလားပဲ(၂၄ပြည်ပါ)၁၀၉အိတ်၊ ဆီ(၆၀ကျပ်သားပါ)၃၀၁၂ဗူး၊ ဆား(၂၇ပိသာနှင့် ၅၀ကျပ်သားပါ)၁၀အိတ်တို့အား (၁၈-၁၀-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဘီးလင်းမြို့၊ သာသနာ့ဗိမာန်တော်၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#mon_oct2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)