
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ ညောင်တုန်းမြို့၊ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု မှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၁) အိမ်ထောင်စာ၊ care myanmar ပိုက်ဖျာ (၁)ချပ်၊ ဆန်ရိက္ခာ (၇)ရက် စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀/-)ကျပ်အား (၁၈-၁၀-၂၀၂၀)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_oct2020