မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၀)ရက် နေ့တွင် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာအုပ်စု၊ ကွမ်လမိုင်းကျေးရွာ၌ မီးလောင်ကျွမ်း မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝ/-) ကျပ်၊ မီးဘေးသင့်လူဦးရေ (၁)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ (၂,၁၀ဝ/-)ကျပ် ၊ စုစုပေါင်း(၂၀၂,၁၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးတို့အား (၁၈-၁၀-၂၀၂၀)ရက်​နေ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီ အသင်းခွဲ တို့နှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_fir

#mon_oct2020

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events