Author Archives: Department of Disaster Management
-
ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၂၀)ရက်နေ့၊ (၀၈:၀၅) နာရီအချိန်ခန့်တွင် ချောက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်၊ ဘောလုံးကွင်းလမ်း၌ လုံးပတ်(၅)ပေ၊ အမြင့်(၃၅)ပေခန့် တမာပင်မှာ မိုးရွာသွန်းမှုကြောင့် မြေသားပွပြီး အမြစ်ကျွတ်၍ ပြိုကျလာသဖြင့် နေအိမ်(၁)လုံးမှာ တစိတ်တပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၈,၄၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀ဝ)ကျပ်၊ ရန်ပုံငွေစုစုပေါင်းတန်ဖိုးငွေ (၃၈,၄၀ဝ) ကျပ်အား (၂၁-၁၀-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် AVSI FOUNDATION Myanmar ၊မြို့နယ်ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်း၍ (၂၁-၁၀-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစတင်ပြီး လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက်ကျေးရွာအုပ်စု၊ သာလိကာကုန်း ကျေးရွာအုပ်စု၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စုနှင့် လပွတ္တလုပ်မြောက်ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာပေါင်း(၂၀)ကျေးရွာ တို့တွင်Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို Loud Speaker ဖြင့်လှည့်လှည်၍ ကြေညာခြင်း၊ အသိပညာပေးခြင်း၊Masksများနှင့် လက်သန့်ဆေးရည်ဗူးဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ (ရေလယ်သောင်၊ခွေးတောက်ချောင်း)ကျေးရွာနှင့် သက္ကယ်ကျွန်းအုပ်စု၊ သက္ကယ်ကျွန်းကျွေးရွာတွင် (၁၈-၁၀-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါး-၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၂၀,၀၀၀) ကျပ်၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၄၄,၁၀၀) ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၆၄,၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့ကို (၂၁-၁၀-၂၀၂၀) … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၀) ရက် နေ့တွင် ရေနံချောင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် (မြို့မတောင်ရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်၊ အိုးဘိုရပ်ကွက်၊ ဆုံတိုက်ရပ်ကွက်) များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု၊ မဲတင်ကျေးရွာတွင် (၁၇-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စု၊လူဦးရေစုစုပေါင်း(၇)ဦးတို့အားလည်းကောင်း၊ (၁၉-၁၀-၂၀၂၀)ရက်နေ့၊(၁၇:၀၀)နာရီအချိန် ၌ ထပ်မံဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃) လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ စုစုပေါင်း(၁၆)ဦး၊ စုစုပေါင်းဘေးသင့်အိမ်ထောင်စု (၅)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၀) ရက်နေ့၌ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွ (၁၀၄၂၀၀/-) ကျပ်အား (၂၁-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁၃/၁၄/၁၅) ရပ်ကွက်များ၌ လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် လိုက်နာရမည် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020
-
လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၂၀) ရက်နေ့၌ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ နှင့်ရွှေထီးကျေးရွာတို့တွင် လေပြင်းတိုက်ခတ်ရာပြီး ပင်လယ်ဒီရေမြင့်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၆၁၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၆၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) အိမ်ထောင်စာ (၃၄၇၅၃/-) ကျပ်အား (၂၀-၁၀-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် … Read more
-
(Covid-19) ကာလတွင် စားနပ်ရိက္ခာရှားပါးမှုကြုံတွေ့နေရသောပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၁၀-၂၀၂၀)နေ့တွင် နောင်မွန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ပန်နန်းဒင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ရှိ (Covid-19)ကာလတွင် စားနပ်ရိက္ခာရှားပါးမှု ကြုံတွေ့နေရသော တဆူထုကျေးရွာအုပ်စုနှင့် ဒဇုံတမ်းကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၁၅၂) စု၏ လူဦးရေ (၁,၀၂၉) ဦးတို့အတွက် စားနပ်ရိက္ခာ(၃)လစာ ဆန် (၉၆၄) အိတ်၊ (၁၆) ပြည်၊ (၄)ဗူးနှင့် ပူတာအို ဒေသခံပြည်သူများမှ လှူဒါန်းလာသော စောင်နှင့်ဆောင်းဝတ်အနွေးထည် ကျန်ကျောင်းအိတ် (၁၅) အိတ်၊ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာ၌(၁၉-၁၀-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ် (၁၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၄၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ(၈၆,၁၀၀/-)ကျပ် ၊စုစုပေါင်းထောက်ပံ့ငွေ(၁,၂၈၆,၁၀၀/-)ကျပ် နှင့် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်း ကျေးရွာအုပ်စု၊ရုံးဆိပ်ကျွန်းကျေးရွာ၌(၁၉-၁၀-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-)ကျပ် ၊ လူဦးရေ(၆၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ(၁၃၄,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁,၁၃၄,၄၀၀/-)ကျပ်အား ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် အထွေထွေ … Read more
