ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၂၀)ရက်နေ့၊ (၀၈:၀၅) နာရီအချိန်ခန့်တွင် ချောက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်၊ ဘောလုံးကွင်းလမ်း၌ လုံးပတ်(၅)ပေ၊ အမြင့်(၃၅)ပေခန့် တမာပင်မှာ မိုးရွာသွန်းမှုကြောင့် မြေသားပွပြီး အမြစ်ကျွတ်၍ ပြိုကျလာသဖြင့် နေအိမ်(၁)လုံးမှာ တစိတ်တပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၈,၄၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀ဝ)ကျပ်၊ ရန်ပုံငွေစုစုပေါင်းတန်ဖိုးငွေ (၃၈,၄၀ဝ) ကျပ်အား (၂၁-၁၀-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#mgy_oct2020

Sign Up

Upcoming Events