လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ (ရေလယ်သောင်၊ခွေးတောက်ချောင်း)ကျေးရွာနှင့် သက္ကယ်ကျွန်းအုပ်စု၊ သက္ကယ်ကျွန်းကျွေးရွာတွင် (၁၈-၁၀-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါး-၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၂၀,၀၀၀) ကျပ်၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၄၄,၁၀၀) ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၆၄,၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့ကို (၂၁-၁၀-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_oct2020

Sign Up

Upcoming Events